Western Union ထံမှ ဖြစ်သည်ဟု အခိုင်အမာဆိုလာသော အီးမေးလ်တစ်စောင်ကို တစ်စုံတစ်ဦးထံမှ ရရှိပြီး ၎င်းနှင့်ပတ်သက်၍ ဘာလုပ်ရမှန်း မသေချာလျှင် ထိုအီးမေးလ်ရှိ မည်သည့်လင့်ခ်ကိုမျှ မနှိပ်ပါနှင့်။ အဆိုပါစာသည် သင့်ထံမှ ထိရှလွယ်သော အချက်အလက်များကို ရယူရန် ကြိုးစားသည့် “လှည့်ဖြားမှု” ဖြစ်နိုင်သည်။ ယင်းအစား Western Union သုံးစွဲသူကူညီရေးသို့ ချက်ချင်း ဆက်သွယ်ပါ။
Western Union သည် သင်၏သုံးစွဲသူ ID၊ စကားဝှက် သို့မဟုတ် အကြွေးဝယ်ကတ် အသေးစိတ်အချက်အလက်များကို တောင်းယူရန် သင့်ထံ အီးမေးလ်လုံးဝပေးပို့မည် မဟုတ်ပါ။