သင့်ပရိုဖိုင်ကို ဖန်တီးပြီး ပရိုဖိုင်ကို အတည်ပြုရန်အတွက် လိုအပ်သော ID အထောက်အထားစာရွက်စာတမ်းအား အပ်လုဒ်လုပ်ပြီးသည်နှင့် ငွေလွှဲပြောင်းမှုကို ပြုလုပ်ပေးပို့နိုင်ပါသည်။ ဤပထမအကြိမ် ငွေလွှဲပြောင်းမှုတွင် သင်သည် 100,000 JPY အထိ ပေးပို့နိုင်မည်ဖြစ်ပါသည်။ ဂဏန်းလေးလုံးပါသော PIN (ပင်နံပါတ်) ကို သင့်ပရိုဖိုင် စိစစ်အတည်ပြုခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သင့်လက်တွေ့နေအိမ်လိပ်စာသို့ ပေးပို့မည်ဖြစ်ပြီး ၎င်းကို သင့်ဒုတိယအကြိမ် ငွေလွှဲပြောင်းမှုတွင် ထည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။
သင့် ID အသေးစိတ်အချက်များနှင့် သီးသန့် PIN (ပင်နံပါတ်) ကို အတည်ပြုပြီးသည်နှင့် သင်သည် နောက်ဆက်တွဲ အွန်လိုင်းငွေလွှဲပြောင်းမှုတိုင်းအတွက် 1,000,000 JPY အထိ ပေးပို့နိုင်လိမ့်မည်ဖြစ်သည်။
သင်သည် ငွေပမာဏ ပိုမိုပေးပို့လိုပါက အေးဂျင့်တည်နေရာသို့ သွားရောက်နိုင်သည်။