ကျွန်ုပ်၏ ပရိုဖိုင်ကို မည်သို့အတည်ပြုရမည်နည်း သို့မဟုတ် ကျွန်ုပ်၏ အထောက်အထား စိစစ်အတည်ပြုမှုကို ပြီးစီးအောင်မည်သို့ လုပ်ဆောင်ရမည်နည်း။
westernunion.com တွင် ပရိုဖိုင်ကို သင်ဖန်တီးပြီးသည်နှင့် အွန်လိုင်းမှ ငွေလွှဲပြောင်းမှုကို စတင်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ သင့် ID အချက်အလက်အား အတည်ပြုပြီးသည့်နောက်မှသာ ငွေလွှဲပြောင်းမှုကို ပြီးစီးအောင်လုပ်ဆောင်မည်ဖြစ်သည်။
စိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်တွင် အဆင့် 2 ဆင့်ရှိပါသည်-
- အထောက်အထား စိစစ်အတည်ပြုခြင်း
သင့်ပထမအကြိမ် အွန်လိုင်းမှ ငွေလွှဲပြောင်းမှုကို စတင်လုပ်ဆောင်သည့်အခါ သင့်ကိုယ်ပိုင်အမည်၊ မျိုးရိုးအမည်၊ လိပ်စာ၊ မွေးရက်၊ နှင့် နိုင်ငံသားဖြစ်မှု အပါအဝင် မှတ်ပုံတင်စဉ် သင်ပေးပို့ထားသည့် အသေးစိတ်အချက်များကို သင့်အထောက်အထား စာရွက်စာတမ်းနှင့်အတူ တိုက်ဆိုင်စစ်ဆေးမည်ဖြစ်သည်။
သင်သည် အောက်ပါ ID စာရွက်စာတမ်းများ၏ စကန်ဖတ်ထားသောမိတ္တူကိုလည်း အပ်လုဒ်လုပ်ရန် လိုအပ်မည်ဖြစ်ပါသည်-
ဂျပန်နိုင်ငံတွင် အခြေစိုက်နေထိုင်သူများ-
- ဂျပန် နိုင်ငံကူးလက်မှတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင်
- My Number ကတ် သို့မဟုတ် My Number ပါရှိသည့် Juminhyo (လွန်ခဲ့သည့် 6 လအတွင်း ထုတ်ပေးထားခြင်းဖြစ်ရမည်)
ပြည်ပနိုင်ငံသား အခြေစိုက်နေထိုင်သူများ-
- နေထိုင်ခွင့်ကတ်
- My Number ကတ် သို့မဟုတ် My Number ပါရှိသည့် Juminhyo (လွန်ခဲ့သည့် 6 လအတွင်း ထုတ်ပေးထားခြင်းဖြစ်ရမည်)
သင့်ပရိုဖိုင်အသေးစိတ်အချက်များသည် သင့် ID ၏ အသေးစိတ်အချက်များနှင့် ကိုက်ညီပါက သင့်ပရိုဖိုင်ကို အတည်ပြုပြီးကြောင်း အမှတ်အသားပြုပေးမည်ဖြစ်သည်။
ဤအချက်အလက်ကို သင်ပေးပို့ပြီးသည်နှင့် သင့်အထောက်အထားကို အတည်ပြုရန် ကျွန်ုပ်တို့ စိစစ်မည်ဖြစ်ပါသည်။ အထောက်အထား စိစစ်အတည်ပြုခြင်းပြီးစီးသည့်အခါ သင့်ပထမအကြိမ် ငွေလွှဲပြောင်းမှုကို ပြီးစီးအောင်လုပ်ဆောင်မည်ဖြစ်သည်။ သင်သည် အီးမေးလ်အသိပေးချက်ကိုလည်း ရရှိမည်ဖြစ်သည်။
- လိပ်စာ စိစစ်အတည်ပြုခြင်း
နောက်တစ်ကြိမ် အွန်လိုင်းမှ ငွေလွှဲသည့်အခါ သင်၏ စာပို့ရန်လိပ်စာကို သင်ပေးပို့ထားသည့် လိပ်စာသို့ ပေးပို့မည့် ဂဏန်း 4 လုံးပါသော PIN (ပင်နံပါတ်) နှင့်အတူ အတည်ပြုရန် လိုအပ်မည်ဖြစ်သည်။ PIN (ပင်နံပါတ်) မှတဆင့် သင့်ပရိုဖိုင်ကို အတည်ပြုပြီးသည်နှင့် သင်သည် ငွေလွှဲပြောင်းမှုတစ်ခုလျှင် 350,000 JPY အထိ အွန်လိုင်းမှ ငွေပေးပို့နိုင်မည်ဖြစ်သလို 24 နာရီအတွင်း ငွေလွှဲပြောင်းမှု 3 ကြိမ်အထိ အများဆုံးပြုလုပ်နိုင်ပါမည်။
မှတ်ပုံတင်စဉ် မေးခွန်းများမေးမြန်းရန်ရှိပါက Westernunion.com Customer Care (သုံးစွဲသူကူညီရေး) ကို 0034-800-400-733 (ဂျပန်နိုင်ငံမှ အခမဲ့ခေါ်ဆိုနိုင်) မှတဆင့်ဖြစ်စေ၊ ပြည်ပမှဆိုလျှင် +61-2-9226-9554 မှတဆင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်ပါ။ သင်သည် အင်္ဂလိပ်ဘာသာဖြင့် အကူအညီရယူရန် JapanEnglish.customer@westernunion.com သို့ဖြစ်စေ၊ ဂျပန်ဘာသာဖြင့် အကူအညီရယူရန် Japan.Customer@westernunion.com သို့ဖြစ်စေ အီးမေးလ်ကိုလည်း ပေးပို့နိုင်သည်။
အွန်လိုင်းမှ ငွေပေးပို့ခြင်း နှင့်ပတ်သက်၍ ပိုမိုလေ့လာပါ။
စာရင်းသွင်းရာတွင် မေးခွန်းများ ရှိပါက Westernunion.com သုံးစွဲသူကူညီရေးသို့ ဆက်သွယ်ပါ။