အချို့နိုင်ငံများတွင် ငွေလွှဲပြောင်းမှုကို စတင်လုပ်ဆောင်သည့်အခါ 'စစ်ဆေးမှု မေးခွန်း' နှင့် အဖြေကို ပေးအပ်ရန် ပေးပို့သူများကို တောင်းခံပါသည်။  'စစ်ဆေးမှု မေးခွန်း' ကို ပေးပို့သူက ပေးထားသည့်ဖြစ်စဉ်များတွင် လက်ခံသူက ငွေများ ထုတ်ယူသည့်အခါ အဖြေကို ပေးအပ်ရန် လိုအပ်နိုင်သည်။  ‘စစ်ဆေးခြင်းမေးခွန်း’ လုပ်ဆောင်ချက်ကို လက်ခံသူက မှန်ကန်သော အထောက်အထားပြသရန် လိုအပ်သေးသည့် အရေးပေါ် အခြေအနေများအတွက် ဖန်တီးထားရှိခြင်းဖြစ်သည်။ ၎င်းကို ထပ်ဆောင်းလုံခြုံရေးအဖြစ် အသုံးပြုရန် သို့မဟုတ် ငွေပေးချေမှု နှောင့်နှေးစေရန် လုံးဝအသုံးမပြုသင့်ပါ။ နေရာများစွာတွင် ကျွန်ုပ်တို့သည် လက်ခံသူက မှန်ကန်သော အထောက်အထားကို ပြသနိုင်ပါက ထိုမေးခွန်း၏အဖြေကို သူ/သူမ မသိရှိသည့်တိုင်အောင် လက်ခံသူအား ငွေပေးချေမည်ဖြစ်သည်။ စစ်ဆေးမှုမေးခွန်းကို မလေးရှားနိုင်ငံအတွင်း ပေးချေမှုအတွက် မရရှိနိုင်ပါ။