ရှိပါသည်။ မိတ်ဆွေများနှင့် မိသားစုထံ ငွေပေးပို့ရန်အတွက်သာ Western Union ကို အသုံးပြုပါ။ သင် လူကိုယ်တိုင် မတွေ့ဖူးသူထံ လုံးဝ ငွေမပေးပို့ပါနှင့်။ တစ်ခါတစ်ရံ လိမ်လည်သူများသည် ငွေလွှဲပေးရန် လူများကို တိုက်တွန်းလေ့ရှိသည်။ ငွေပေးပို့ရန် သင့်ကို တောင်းဆိုသော မည်သူ့ကိုမျှ ငွေမလွှဲပါနှင့်-

သင်အတည်မပြုရသေးသော အရေးပေါ်အခြေအနေတစ်ခုအတွက်။
အွန်လိုင်း ဝယ်ယူမှုတစ်ခုအတွက်။ ဗိုင်းရပ်စ် တားဆီးကာကွယ်မှုအတွက်။
ငှားရမ်းထားသော အိမ်ခြံမြေအတွက် စရန်ငွေ သို့မဟုတ် ငွေပေးချေမှု။
ထီ သို့မဟုတ် ဆုကြီး ပေါက်ငွေများ ထုတ်ယူရန်အတွက်။
အခွန်ဆောင်ရန်။
ပရဟိတအဖွဲ့သို့ လှူဒါန်းရန်။
လျှို့ဝှက်ဈေးဝယ်ခြင်း တာဝန်ပေးအပ်မှုအတွက်။
အလုပ်အကိုင် အခွင့်အလမ်းအတွက်။
ခရက်ဒစ်ကတ် သို့မဟုတ် ငွေချေးခအတွက်။
လူဝင်မှုကြီးကြပ်ရေး ရေးရာကိစ္စကို ဖြေရှင်းရန်။

ငွေလွှဲပါက သင်ငွေလွှဲလိုက်သောသူသည် အဆိုပါငွေကို လျင်မြန်စွာ ရရှိနိုင်ပါသည်။ ငွေပေးချေပြီးနောက် Western Union သည် ကန့်သတ်ချက်ရှိသော အခြေအနေများမှလွဲ၍ သင်လိမ်လည်ခံရသည့်တိုင်အောင် သင့်အား ပြန်အမ်းငွေ ပေးနိုင်မည် မဟုတ်ပါ။